မြင်းကပါစေတီ

Listing Description

မြင်းကပါစေတီသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ၊ မြင်းကပါအရပ်တွင် တည်ရှိပါသည်။ အနော်ရထာမင်းကြီးသည် နောင်တော် စုက္ကတေးမင်း ကျဆုံးပြီး စီးတော်မြင်း ရပ်တန့်ရာ မြင်းကပါချောင်းကမ်းပါး မြောက်ဘက်ထိပ်တွင် မြင်းကပါစေတီကို အမှတ်တရ တည်ထားခဲ့သည်ဟု ဆိုပါသည်။ ပစ္စယာ တစ်ထပ်ခံထားရှိပြီး ခေါင်းလောင်းပုံ၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ထိပ်ဖူးတို့တွင် အဆင်တန်ဆာ မွမ်းမံမှုမရှိဘဲ ရိုးရှင်းစွာ တည်ဆောက်ထားပါသည်။ ပျူမြန်မာဗိသုကာ ပေါင်းစည်းမှုလက်ရာဖြစ်ပြီး မွန်ဗိသုကာပညာ ပုဂံသို့ ပျံ့နှံ့ခြင်းမရှိသေးသည့်ကာလ လက်ရာအဖြစ် ပညာရှင်များ ခန့်မှန်းကြပါသည်။