ဦးသီလကျောင်းတိုက်

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့တွင် တည်ရှိပါသည်။ တစ်ချိန်က ဖိုးသူတော် ဦးသီလ သီတင်းသုံးနေထိုင်ခဲ့သဖြင့် ဦးသီလကျောင်းတိုက်ဟု အမည်တွင်ခဲ့သည်ဟု သိရပါသည်။ ကျောင်းတိုက်တွင် မိုးနဲစော်ဘွားအဆက်ဆက် လှူဒါန်းခဲ့သော မှန်စီရွှေချ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် အဆူ ၃၀ ခန့် ဖူးမြော်မြင်တွေ့နိုင်ပါသည်။