ချင်းပြည်နယ်ယဉ်ကျေးမှုပြတိုက်

Listing Description

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် တည်ရှိပါသည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းအစဉ်အလာများ၊ အသုံးအဆောင်ပစ္စည်းများ၊ သစ်သား၊ ဝါး၊ ရွှံ့ပိုက်များ၊ ဂီတတူရိယာများ၊ ချင်းတိုင်းရင်းသားတို့၏ လက်နက်များ၊ ယခင် ဗမာဘုရင်များထံမှရရှိသော လက်ဆောင်မွန်များ၊ စာပေနှင့် ကျောက်စာများကို ပြကွင်း၊ ပြကွက်၊ ပြခန်းများဖြင့် ဗဟုသုတသမိုင်းကြောင်း စုံလင်စွာ လေ့လာနိုင်ပါသည်။