လွိုင်လင်းရှေးဟောင်းဘုန်းကြီးကျောင်း

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ လွိုင်လင်းကျေးရွာတွင် တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၀၈၄ ခုနှစ်တွင် စော်ဘွားကြီး စဝ်ခွန်အံက တည်ဆောက်လှူဒါန်းခဲ့သည်ဟု သိရပါသည်။ ကျောင်းကြီးကို ကျွန်းတိုင်လုံးပေါင်း ၁၀၈ လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဘုရားအဆောင်၊ ပိဋကတ်တော်များထားရှိရာအဆောင်၊ သံဃာတော်များနားနေဆောင်၊ ဒကာ ဒကာမများလာရောက်၍ ဘုရားဝတ်ပြုရာအဆောင်ဟူ၍ အဆောင်လေးဆောင်ပါဝင်ပါသည်။ ကျောင်းကြီးတွင် ဗုဒ္ဓဝင်နိပါတ်တော်လာ ဇာတ်တော်များကို ရွှေအစစ်အသုံးပြု၍ ရေးဆွဲထားသော ရှေးဟောင်း ရွှေဆေးရေးပန်းချီများအား အကောင်းပကတိနီးပါး လေ့လာတွေ့မြင်နိုင်ပါသည်။