ဆင်တောင်စေတီ

Listing Description

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုးနဲမြို့ရှိ ဆင်တောင်စေတီသည် မိုးနဲမြို့ရှိ  ဆင်တောင်ပေါ်တွင် တည်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က တည်ထားသည်ဟု သိရပါသည်။ ဆင်တောင်ပေါ်သို့တက်ရာ လမ်းတစ်လျှောက်တွင် ဘုရားရှင်နှင့် ရဟန္တာငါးရာ တို့၏ ဆွမ်းခံကြွချီသော ရုပ်ပွားတော်များကို မြင်တွေ့နိုင်ပြီး တောင်ပေါ်မှကြည့်လျှင် မိုးနဲမြို့၏ ရှုခင်းကို အပေါ်စီးမှ မြင်တွေ့နိုင်ပါသည်။ တောင်အောက်တွင် နဂါးခေါင်းရေကန်ရှိပြီး အလယ်တွင် နဂါးခေါင်းရုပ် ရှိပါသည်။ ဆင်တောင်စေတီအောက်တွင်လည်း ရှမ်းပုဂံဟု တင်စားခေါ်ဝေါ်ထိုက်သည့် ပုဂံဒေသရှိ ဘုရားစေတီများနှင့် ခေတ်ပြိုင် ရှေးဟောင်းစေတီများ အများအပြားတည်ရှိပါသည်။