မိုးနဲမွေတော်စုဘုရားများ

Listing Description

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့အဝင် လမ်း၏ယာဘက်အနီးတွင် တစုတဝေးတည်း တည်ရှိနေပါသည်။ မြန်မာသက္ကရာဇ် ၁၀၇၂ တွင် မိုးနဲစော်ဘွားကြီး စဝ်ခွန်အံက ဤနေရာ၌ ဘုရားစေတီများ စတင်တည်ထားခဲ့ပြီး နောက်ပိုင်းတွင် ဒေသခံများက ဆက်လက်၍ ဘုရားစေတီများ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ယခုအခါ မွေတော်စုဘုရားဝန်းအတွင်း၌ ဘုရားစေတီပေါင်း ၅၁ ဆူခန့်ကျန်ရှိပြီး အချို့သော ဘုရားစေတီများကို အသစ်ပြန်လည် တည်ထားကိုးကွယ်ထားသည်။