စက်တော်ရာကျောင်းတိုက်

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ၊ ၀မ့်ယေးရွာနှင့် ပန်အူရွာအကြားတွင် တည်ရှိပါသည်။ ကျောင်းတိုက်တွင် သီရိဓမ္မာသောကမင်းကြီး၏သားတော် ရဟန္တာရှင်မဟိန္ဒ သီတင်းသုံးနေထိုင်ခဲ့သည်ဟုသိရပြီး ကျောင်းဝင်းအတွင်း၌ ရှင်မဟိန္ဒ ဆွမ်းစားသော သပိတ်ထားရှိရာ ဆွမ်းစားကျောက်ပလ္လင်နှင့် ရှင်မဟိန္ဒ၏ခြေတော်ရာကို ဖူးမြော်မြင်တွေ့ရပါသည်။ ကျောင်းဝင်းအတွင်း စက်တော်ရာရေထွက်ရှိပြီး ထိုရေထွက်မှရရှိသောရေသည် စိုက်ပျိုးမြေဧက ၆၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိသည်။ ဒေသခံများက ရိုးရာမိုးခေါ်ပွဲကို နှစ်စဉ် ကဆုန်လပြည့်နေ့၌ စက်တော်ရာရေထွက်၌ ကျင်းပပါသည်။