ဦးဘိုးကြည်နေအိမ်

Listing Description

စလေပန်းပုရုပ်စုံကျောင်းဒကာကြီး ဦးဘိုးကြည်နေအိမ်သည် စလေမြို့ မြို့မရပ်ကွက် အတွင်းတည်ရှိပြီး သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။ နှစ်ထပ်တိုက်အမျိုးအစား ဖြစ်ပြီး အလျား ပေ ၅၀၊ အနံ ပေ ၅၀၊ အမြင့် ပေ ၃၀ ရှိကာ ၄ပင် ၃ခန်းပတ်လည်ရှိပါသည်။ အတွင်းပိုင်းတွင် ကျွန်းတိုင်များပေါ်မှ ထုပ်တန်း၊ ယက်တန်းများကိုအားပြုပြီး အပေါ်ထပ်ကြမ်းခင်း ကိုဆောက်လုပ်ထားပါသည်။ တံခါးများမှာလည်း သံတိုင်တစ်ထပ် သံမဏိပြားထူထူတစ်ထပ် ဆင့်ကာလုံအောင် တည်ဆောက်ထားသောကြောင့် ထိုခေတ်အခါက ဓားပြများ၏ရန်မှ အထူးဂရုပြုခဲ့ဟန်ရှိပါသည်။