ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းအနီးတွင် တည်ရှိသည်။ ၁၉၂၃ ခုနှစ်တွင် ကျောင်းသား ၂၂၄ ဦးနေနိုင်သော “တကောင်းဆောင်” နှင့် “ပြည်ဆောင်” အဆောင်နှစ်ဆောင် ဆောက်လုပ်ခဲ့ပြီး ၁၉၂၄ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းဆောင်နှစ်ဆောင်သည် ရန်ကုန်တက္ကသိုလ်နယ်မြေ၌ ပထမဦးဆုံး တည်ဆောက် ခဲ့သော အဆောင်များဖြစ်သည်ဟု သိရသည်။ ယခုအခါ ယင်းတကောင်းဆောင်သည် ပြည်ဆောင်ကဲ့သို့ ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။