ပြည်ဆောင်

Listing Description

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းနှင့် သထုံလမ်းကြားတွင် တည်ရှိသည်။ ၁၉၂၃ ခုနှစ်တွင် ကျောင်းသား ၂၂၄ ဦးနေနိုင်သော “တကောင်းဆောင်” နှင့် “ပြည်ဆောင်” အဆောင်နှစ်ဆောင် ဆောက်လုပ်ခဲ့ပြီး ၁၉၂၄ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းဆောင်နှစ်ဆောင်သည် ရန်ကုန်တက္ကသိုလ်နယ်မြေ၌ ပထမဦးဆုံး တည်ဆောက် ခဲ့သော အဆောင်များဖြစ်သည်ဟု သိရသည်။ ယခုအခါ ယင်းပြည်ဆောင်သည် တကောင်းဆောင်ကဲ့သို့ ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများစာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။