မဟာနန္ဒကန်သာဘုန်းကြီးကျောင်း

Listing Description

ရှမ်းပြည်နယ် သီပေါမြို့ Little Bagan အနီးရှိ မဟာနန္ဒကန်သာဘုန်းတော်ကြီးကျောင်းတိုက်သည် သီပေါမြို့တည် စော်ဘွားကြီး စဝ်ခွန်ဆိုင် ခေါ် စဝ်ကြာခိုင် လက်ထက်ကတည်းက တည်ရှိခဲ့သော ရှမ်းဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဖြစ်ပါသည်။ ၁၈၄၈ ခုနှစ်တွင် စော်ဘွားကြီး စဝ်ကြာခိုင်၏ ဝန်ကြီးတစ်ပါးဖြစ်သော ဦးခွန်ခွေးပု မိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ သံချောင်းများအသုံးမပြုဘဲ ကျွန်းသားစို့များသာ အသုံးပြု၍တည်ဆောက်ထားသည့် ကျောင်းတိုက်အား ၃ပေပတ်လည်ရှိသည့် ကျွန်းတိုင်ပေါင်း ၁၄၇တိုင်ဖြင့် ဆောက်လုပ်ထားပါသည်။ ကျောင်းတိုက်ထဲတွင် ၁၈၆၈ ခုနှစ်တွင် ဦးခွန်ခွေးတို့မိသားစုမှ လှူဒါန်းထားခဲ့သော ဉာဏ်တော် ၈ ပေခန့်အမြင့်ရှိ ရွှေသင်္ကန်းကပ် နှီးဘုရားတစ်ဆူအား ဖူးမြော်နိုင်ပါသည်။ ယင်းနှီးဘုရား၏ ဘွဲ့တော်မှာ ဘုရားအင်းဆန် ဖြစ်ပြီး သိကြားမင်းကူညီရက်လုပ်ပေးသောဘုရားဟု အဓိပ္ပာယ်ရပါသည်။