နမ့်ဟူးနွဲ့ရေတံခွန်

Listing Description

နမ့်ဟူးနွဲ့ရေတံခွန်သည် သီပေါမြို့ မန္တလေး-လားရှိုးကားလမ်းမအနီး မြို့အဝင်နားတွင် တည်ရှိပါသည်။ ရေတံခွန်သည် အတော်အသင့်မြင့်မားကာ ကြည်လင်အေးမြသောရေများ တသွင်သွင် အမြဲစီးကျလျက်ရှိကာ အနီးတွင် မှန်တံတား တစ်စင်းရှိပြီး ယင်းတံတားပေါ်မှ သီပေါမြို့၏အလှကို ခံစားကြည့်ရှုနိုင်ပါသည်။ သီပေါမြို့ရှိ အထင်ကရ ရေတံခွန်တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွား လည်ပတ်သူများနှင့် အမြဲစည်ကားလျက်ရှိသော ရေတံခွန် တစ်ခုဖြစ်ပါသည်။ ရေတံခွန်အနီးတွင်လည်း ဒေသခံ ဝါးတဲစားသောက်ဆိုင်လေးများရှိပြီး အေးချမ်းစွာ အနားယူအပန်းဖြေနိုင်ကာ ရေဆော့ကစားသူများ၊ အလှဓါတ်ပုံရိုက်သူများ နှင့် စည်ကားလျက်ရှိသော သာယာလှပသည့် ရေတံခွန်တစ်ခုဖြစ်ပါသည်။