နံနက်ခင်းမီးခွက်ဈေး (သီပေါ)

Listing Description

နံနက်ခင်းဈေးကို ရောက်ပြီးပြီလားဟု သီပေါဒေသခံများက ဧည့်သည်များကို ခဏခဏမေ့လေ့ရှိပါသည်။ အဘယ့်ကြောင့်ဆိုလျှင် သီပေါမြို့၏ အလှပဆုံးနံနက်ခင်းကို လွတ်သွားမည် စိုးရိမ်ကြ၍ ဖြစ်ပါသည်။ နံနက်ခင်း ၃း၀၀ နာရီခန့်တွင် မီးခွက်လေးများထွန်း၍ ရောင်းသည့် နံနက်ခင်းဈေးသည် ခရီးသွားများကို ဆွဲဆောင်သည့် မြင်ကွင်းများနှင့် ပြည့်လျှက်ရှိပါသည်။ ဒေသထွက်မုန့်များ၊ စားစရာများ၊ ပစ္စည်းများ၊ ရိုးရာလက်မှုပစ္စည်းများကို မီးခွက်များထွန်းပြီး နံနက်လင်းအားကြီးအချိန်တွင် ဒေသခံများက ခင်းကျင်းရောင်းချပါသည်။ ယင်းဈေးသည် သီပေါမြို့ကြီးနှင့် မဝေးသည့် ဝက်ဝံဈေးနားတွင် ခင်းကျင်းပြီး နံနက် ၆း၀၀ နာရီခန့်ဆိုလျှင် ဈေးကွဲပါသည်။ အကယ်၍ နံနက်ခင်းဈေးအတွေ့အကြုံကို ယူလိုလျှင် ၂း၀၀ နာရီလောက်ကတည်းက အိပ်ယာထပြီး ပြင်ဆင်ရန် လိုပါသည်။

Crd: Kumudra News