Mrs. Popcorn’s Garden

Listing Description

သီပေါမြို့ကိုရောက်သည့် ဧည့်သည်တိုင်းသည် Mrs. Popcorn’s Garden ကို မဖြစ်မနေသွားလေ့ရှိပါသည်။ Mrs. Popcorn’s Garden သည် Little Bagan သွားသည့် လမ်းသွယ်ပေါ်တွင်ရှိပြီး ထူးခြားချက်မှာ ခြံဝင်းကျယ် ကြီးထဲတွင် ဝါးထိုင်ခုံများဖြင့် လယ်ကွင်းများကို ကြည့်ပြီး အစားအသောက်စားနိုင်ခြင်းပင်ဖြစ်ပါသည်။ ထို့ပြင်  Mrs. Popcorn’s Garden မှ ဖျော်ရည်များ အစားအသောက်အားလုံးသည် သဘာဝအတိုင်းစိုက်ပျိုးထား၍ လတ်ဆတ်ပြီး လူကြိုက်များပါသည်။ Mrs. Popcorn’s Garden ကို တည်ထောင်ခဲ့သည့် အမျိုးသမီးမှာ မကြာခင်ကပဲ ကွယ်လွန်သွားပါသည်။ ယင်း၏သမီးဖြစ်သူက သားသမီးများနှင့်အတူ ဆက်လက်ဖွင့်လှစ်နေပါသည်။ ဈေးသက်သာပြီးစေတနာကောင်းသဖြင့် ကမ္ဘာလှည့်ခရီးသွားများက Mrs. Popcorn’s Garden ၌ နေ့ခင်းဘက်တွင် အချိန်ဖြုန်းကြလေ့ ရှိပါသည်။

Crd : Kumudra News