သိမ်တော်စေတီ (ထီးတော်လှုပ်စေတီ)

Listing Description

ကျောက်ပန်းတောင်းမြို့မှ လေးမိုင်ခန့်ကွာဝေးသော နှစ်ကျပ်ခွဲရွာ၏ အနောက်ဘက်တွင် တည်ရှိပါသည်။ စေတီတော်၏ မူလဘွဲ့အမည်မှာ "သိမ်တော်စေတီ" ဖြစ်ပြီး ပထမထီးတော်ဟောင်းနွမ်း ပျက်စီး၍ ဒုတိယထီးတော်ကို ပဲခူးမြို့မှဆရာတော်ကြီး ဦးညေးယျ လာရောက်ကြီးကြပ်တင်လှူရာတွင် ဆရာတော် ကြီးက ဘုရားငြမ်းပေါ်သို့တက်ပြီး ကြာမှောက်ကြာလှန် နေရာမှ ဖက်တွယ်၍ ကိုင်လှုပ်ပြခဲ့ရာ ထီးတော်၏ ဆည်းလည်းများ သာယာစွာ မြည်ကြသည့်အပြင် ဖောင်းရစ်တော်မှ အောက်ခြေပစ္စယာအထိ တုန်လှုပ်သွားခဲ့သည်ကို ဖူးတွေ့ခဲ့ကြရခြင်းမှစ၍ "ထီးတော်လှုပ်စေတီ" ဟု ပြောင်းလဲခေါ်တွင်လာကြသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၃၄ ပေ ၄ လက်မ၊ အုတ်ဖိနပ်တော်အလျား ၁၇ ပေ ၄ လက်မ၊ ထီးတော် အမြင့် ၉ ပေ ၉ လက်မရှိပါသည်။ ယခုအခါ စေတီတော်၏ ရေရှည်တည်တံ့မှုကို ရှေးရှုကာ ထီးတော်ကိုလှုပ်၍ ကုသိုလ်ယူဆုတောင်းခြင်းကို တားမြစ်ထားပါသည်။