ပုပ္ပါးတောင်ဥယျာဉ်ပညာပေးပြခန်း

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်အနီးတွင် တည်ရှိပါသည်။ ၄၉.၆၃ စတုရန်းမိုင် ကျယ်ဝန်းပြီး အပူပိုင်းခြောက်သွေ့ဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ပုပ္ပါးတောင်မကြီးတွင်ရှိသော ဆေးဘက်ဝင်သစ်ပင်ပန်းမန်များကို ထိန်းသိမ်းရန်၊ ဒေသခံများ၏ လူမူဘဝအခြေအနေများကို မြှင့်တင်ရန်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ဆေးဘက်ဝင် ပရဆေးစိုက်ခင်းလည်းရှိပြီး ဆန္ဒကူးနံ့သာတောနှင့် ရှားပါးမျိုးစိတ်ဖြစ်သော ရွှေသမင်၊ ဆတ်၊ မျောက်မျက်ကွင်းဖြူ၊ မျောက်ညိုများကို မွေးမြူထားသိမ်းထားရှိပါသည်။ ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်း ၃၂၀,၀၀၀ ခန့် မီးတောင်ဟောင်း၏ သဘာဝ တွင်းထွက်ကျောက်များကိုလည်း လေ့လာနိုင်ပါသည်။