သက်တော်ရစေတီ

Listing Description

ကျောက်ပန်းတောင်းမြို့၊ မြို့ပတ်လမ်း၊ ဘူတာရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံအနီး၊ မြတ်ရွှေဂူစေတီတော် ပရိဝုဏ်အတွင်း ဝေပုလ္လပပ္ပဓတောင်ပေါ်တွင် တည်ရှိပါသည်။ မြို့စားမင်းကြီးမဟာသီရိသီဟဗိုလ်ဘွဲ့ခံ ဦးပြိုနှင့် ဒေါ်ရွဲတို့၏မြေး ကျောက်ပန်းတောင်းမင်းကြီး ဦးရွှေကြည်က တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်သမိုင်းအရ ကျောက်ပန်းတောင်းမင်းကြီးဦးရွှေကြည်သည် မြို့ရွာလုံခြုံရေးအတွက် ထန်းလုံးခံတပ် တည်ဆောက်နေသည်ကို ဘုရင်က ၎င်းအားတော်လှန်ရန်ပုန်ကန်မှုဖြင့် အထင်မှား၍ သတ်မိန့်ချသဖြင့် ဦးရွှေကြည်၏ မိသားစုဝင်များက မြို့ရွာလုံခြုံရေးအတွက်သာ တည်ဆောက်ခြင်းဖြစ်ကြောင်း အသနားခံလျှောက်ထားကြရာ ဦးရွှေကြည်အသက်ချမ်းသာရာရသည်ကို အကြောင်းပြု၍ ဤသက်တော်ရစေတီတော်ကို တည်ထားခဲ့သည်ဟု ဆိုပါသည်။ သက်တော်ရစေတီအနီးတွင် သက်တော်ရှည်စေတီငယ်တစ်ဆူကိုလည်း ဖူးမြင်နိုင်သည်။