ရွှေမြင်တင်စေတီတော်

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ပုသိမ်ရာဇဝင်အရ မြန်မာသက္ကရာဇ် ၆၀၀ ပြည့်နှစ်တွင် သမုဒ္ဒဃောသမင်းသားနှင့် ဥမ္မာဒန္တီမင်းသမီးတို့က စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ယခုလက်ရှိ ဖူးမြင်ရသောစေတီတော်ကို မြန်မာသက္ကရာဇ် ၁၃၁၇ ခုနှစ် (ခရစ်နှစ်၁၉၄၅) တွင် မဟာဆေးဝင်္ကဘာဆရာတော်ကြီးနှင့် ယွန်းကျောင်းဆရာတော်ကြီး ဦးကုမာရတို့က ဦးဆောင်၍ ပြုပြင်တည်ထားခဲ့ပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁၁ ရက်မှ တပေါင်းလပြည့်နေ့အထိ စည်ကားစွာကျင်းပပါသည်။