တာချီလိတ်ရွှေတိဂုံစေတီတော်

Listing Description

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်း တည်ရှိသည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ပုံစံတူ စေတီတော်တစ်ဆူ ဖြစ်ပါသည်။ စေတီတော်ကို တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်၊ မဟာမြတ်မုနိကျောင်းတိုက် ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏ ဦးဆောင်မှုဖြင့် ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် စတင်ပန္နက်တင်ကာ တည်ထားခဲ့ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ ပေခန့်ရှိပြီး ကုန်းမြင့်ထက်တွင် တည်ထားသောကြောင့် စေတီတော်ရင်ပြင်မှ တာချီလိတ်မြို့ရှုခင်းအလှကိုလည်း ကောင်းစွာ တွေ့မြင်နိုင်ပါသည်။