မဟာမြတ်မုနိဘုရား (တာချီလိတ်)

Listing Description

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်ရွှေတိဂုံစေတီတော်၏တောင်ဘက် မနီးမဝေးရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် တည်ရှိပါသည်။ ၁၉၄၉ ခုနှစ်တွင် မန္တလေးမြို့နေ ဘုရားဒကာ ဦးစိန် ဦးဆောင်၍ တာချီလိတ်မြို့သူမြို့သားများ စုပေါင်းကာ မန္တလေးမြို့မှ ပင့်ဆောင်လာခဲ့ပြီး ယခုမဟာမြတ်မုနိဘုရားကြီး ကိန်းဝပ်စံပယ်ရာနေရာ၌ သက်ငယ်ကျောင်းဆောင်ဖြင့် ပူဇော်ကိုးကွယ်ခဲ့ကြပါသည်။ ရှေးယခင်က တာချီလိတ်မြို့အား တရုတ်ဖြူတပ်များက မီးရှို့ဖျက်ဆီးကြရာတွင် မဟာမြတ်မုနိဘုရားကြီး သီတင်းသုံးသော ကျောင်းဆောင်မှာ မီးလောင်ပျက်စီးသွားခဲ့သော်လည်း ရုပ်ပွားတော်ကြီးမှာမူ အကောင်းပကတိအတိုင်း ကျန်ရစ်ခဲ့သည်ဟု ထူးခြားချက်အနေဖြင့် သိရှိရပါသည်။