မိုင် ၄၉၀ ရှိ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်ကားလမ်းကို အဆင့်မြှင့်တင်

Listing Description

ရန်ကုန် အောက်တိုဘာ ၁၈

မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်းသည် မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့မှစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့အထိ ခရီးမိုင် ၄၉၀/၇ မိုင် အကွာ အဝေးရှိသည်။ မိတ္ထီလာမှ တောင်ကြီး ၁၁၅/၂ မိုင်ကို တောင်ပေါ်ဒေသလမ်း ဆောက်လုပ်ရေးက BOT စနစ်ဖြင့် လမ်းအဆင့် တိုးမြှင့်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ သည်။

မန္တလေးတိုင်းဒေသကြီးအပိုင်း တွင် ၂၆/၁ မိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဘက်ခြမ်း မန်တက်မှ ကလောအတက်လမ်းပိုင်းကို တောင် ဖြိုလမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။

ကလောမြို့မှ တောင်ကြီးမြို့အထိ လမ်းအရှည် ၄၅/၀ မိုင်ကို လမ်းချဲ့၍ လေးလမ်းသွား နိုင်လွန်ကတ္တရာခင်း ခြင်းလုပ်ငန်းကို တောင်ပေါ်ဒေသ ဆောက်လုပ်ရေးက BOT စနစ်ဖြင့် ၁-၅-၂၀၁၉ ရက်က ဖွင့်လှစ်ပြီးဖြစ် ကြောင်း သိရသည်။ အဆိုပါလမ်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့က လိုအပ်သည်ကို လမ်းညွှန် ဆောင်ရွက်ပေးသလို ရှမ်းပြည်နယ်တောင်ပိုင်း လမ်းဦးစီး ဌာနကလည်း ကြီးကြပ်ဆောင်ရွက် ပေးသည်ဟု သိရသည်။

မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းသည် ပြည်ထောင်စု လမ်းမကြီးဖြစ်သလို အမှတ် ၂ AH2 အာရှလမ်းမကြီး၊ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး၊ မြန်မာ ပြည်အလယ်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်း၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်ရေးအဖြစ် ဆောင်ရွက်နေ သော လမ်းမကြီးဖြစ်သည်။

တောင်ကြီးနှင့် လွိုင်လင်-နမ့်စမ် ကြား မိုင် ၇၃/၀ မိုင်အရှည်ကို နေမင်း ရောင်ကုမ္ပဏီကလည်းကောင်း၊နမ့်စမ် မှ တာကော်အပိုင်း ရှမ်းတောင်နှင့် ရှမ်းအရှေ့နယ်စပ်လမ်း ၉၄ မိုင်ကို ရှမ်းတောင်လမ်းဦးစီးဌာန လမ်းအထူး အဖွဲ့ (၄)နှင့် လွိုင်လင်ခရိုင် လမ်းဦးစီး တို့ကလည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်း၊ မိတ္ထီလာ- ကလော- တောင်ကြီး-လွိုင်လင်- နမ့်စမ်အပိုင်း လမ်း တိုးတက်ပြုပြင်ခြင်း လုပ်ငန်းများကို နိုင်ငံသားလုပ်ငန်းရှင်များအား BoT စနစ်ဖြင့်လည်း ပေးထားသလို နမ့်စမ် မှ တာကော်အထိအပိုင်းကို ရှမ်းပြည် နယ်တောင်ပိုင်း လမ်းဦးစီးဌာနမှ လည်းကောင်း လမ်းအဆင်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ခရမ်းစိုးမြင့်