စီယင်းနှစ်ခြင်းဘုရားရှိခိုးကျောင်း

Listing Description

စီယင်းနှစ်ခြင်းဘုရားရှိခိုးကျောင်းသည် အမှတ် ၁၅၂ ၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသည်။ ၁၈၈၇ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခင်က စိန့်ဖိလစ် (St. Philip's) ဟုခေါ်သော အင်္ဂလိကန်ဘုရားရှိခိုးကျောင်းဖြစ်ပြီး စိန့်ဖိလစ်အထက်တန်းကျောင်း (ယခု အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်)နှင့် ကပ်လျက်တည်ရှိသည်။ ဘုရားကျောင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပြည်သူပိုင်အဖြစ်သိမ်းဆည်းခဲ့ပြီးနောက် စိန့်ဖိလစ်ကျောင်းကိုလည်း အထက (၂) ဗိုလ်တထောင် ဟုပြောင်းလဲခဲ့ပါသည်။ ဘုရားရှိခိုးကျောင်းအား ၁၉၈၇ ခုနှစ်တွင် နိုင်ငံတော်မှ ရန်ကုန်ရှိ ချင်းခရစ်ယာန်အဖွဲ့အစည်း (Rangoon Christian Chin Association) သို့ ငှားရမ်းခဲ့ပြီး စီယင်းနှစ်ခြင်းဘုရားကျောင်း( Siyin Baptist Church )ဟု ထင်ရှားလာကာ ၂၀၀၂ ခုနှစ်တွင် ထိုအဖွဲ့အစည်းမှပင် ဘုရားကျောင်းအဆောက်အအုံအား ဝယ်ယူခဲ့ပါသည်။ ယခုအခါ ယင်းဘုရားကျောင်းအဆောက်အအုံနှင့် အထက (၂) ဗိုလ်တထောင်ကျောင်းကို ရန်ကုန်မြို့တော်တော်စည်ပင်သာယာရေးကော်မတီမှ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအဖြစ် သတ်မှတ်ထားပါသည်။