ရေဆိုးသန့်စင်စက်ရုံ

Listing Description

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းတွင် တည်ရှိသည်။ ရန်ကုန်မြို့၏ တစ်ခုတည်းသော ရေဆိုးသန့်စင်စက်ရုံဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ယင်းစက်ရုံမှာ မိလ္လာစနစ်ဖြင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သော လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်နှင့် ဗိုလ်တစ်ထောင်မြို့နယ်များမှ မိလ္လာပြွန်လိုင်းမှ လာသော မိလ္လာရေများနှင့် အခြားမြို့နယ်များမှ မိလ္လာယာဉ်ဖြင့် သယ်လာသော မိလ္လာရေများကို သန့်စင်ပေးလျက်ရှိသည်။ စက်ရုံမှ သန့်စင်ပြီးသော ရေကြည်ကို ရန်ကုန်မြစ်အတွင်းသို့ စွန့်ထုတ်ပြီး ရရှိလာသော မိလ္လာဖတ်များကို မြေသြဇာအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး စိုက်ပျိုးခင်းများတွင် အသုံးပြုလျက်ရှိသည်။