အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်

Listing Description

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ အမှတ် (၁၅၂) တွင် တည်ရှိသည်။ ၁၈၈၇ ခုနှစ်တွင် စိန့်ဖိလစ် (St. Philip’s) ဘုရားရှိခိုးကျောင်း (ယခု စီယင်းနှစ်ခြင်းဘုရားရှိခိုးကျောင်း) နှင့် စိန့်ဖိလစ်အထက်တန်းကျောင်းအဖြစ် ဆောက်လုပ်ခဲ့သည်။ ပြည်သူပိုင်အဖြစ်သိမ်းဆည်းပြီးနောက် စိန့်ဖိလစ်အထက်တန်းကျောင်း အဆောက်အအုံကို အ.ထ.က (၂) ဗိုလ်တထောင်ဟု ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ စိန့်ဖိလစ် (St. Philip’s) ဘုရားရှိခိုးကျောင်းအား နိုင်ငံတော်မှ ၁၉၈၇ ခုနှစ်တွင်  ရန်ကုန်ရှိ ချင်းခရစ်ယာန်အဖွဲ့အစည်း (Rangoon Christian Chin Association) သို့ ငှားရမ်းခဲ့ရာ စီယင်းနှစ်ခြင်းဘုရားရှိခိုးကျောင်း (Siyin Baptist Church)ဟု ထင်ရှားလာသည်။ ၂၀၀၂ ခုနှစ်တွင် ထိုအဖွဲ့အစည်းမှပင် ဘုရားကျောင်းအဆောက်အအုံအား ဝယ်ယူခဲ့ပါသည်။ ယခုအခါ ယင်းဘုရားရှိခိုးကျောင်းအဆောက်အအုံနှင့် အထက (၂) ဗိုလ်တထောင်ကျောင်းကို ရန်ကုန်မြို့တော်တော်စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအဖြစ် သတ်မှတ်ထားပါသည်။