စက်တော်ရာ

Listing Description

စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် ၂၆ မိုင်ကွာဝေးသော အနောက်ရိုးမ အရှေ့ဘက်ဆုံး တောင်စွယ်ပေါ်တွင် တည်ရှိပါသည်။ အောက်စက်တော်ရာနှင့် အထက်စက်တော်ရာဟူ၍ နှစ်ဌာနရှိရာ တောင်ပေါ်တွင် ရှိသော ဗုဒ္ဓဘုရား၏ ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟု ခေါ်ဆိုကြ၍ တောင်အောက် မန်းချောင်းဘေး၌ရှိသော ခြေတော်ရာတစ်ဆူကို အောက်စက်တော်ရာဟု ခေါ်ဆိုကြသည်။ စက်တော်ရာစေတီကို ရွှေစက်တော်ဟူ၍လည်းကောင်း မန်းစက်တော်ရာ ဟူ၍လည်းကောင်း ခေါ်ကြပါသည်။ စက်တော်ရာသို့ ဘုရားဖူးသွားလိုလျှင် မင်းဘူးနှင့် စကုမြို့များမှတစ်ဆင့် ကားလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်ပါသည်။