မင်းဘူး(စကု)မြို့နယ်၌ မဲရုံပေါင်း ၁၇၁ ရုံ စီစဉ်ဆောင်ရွက်ထား

Listing Description

မင်းဘူး  နိုဝင်ဘာ  ၇

နိုဝင်ဘာ ၈ ရက်တွင်   ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်    ပါတီစုံဒီမိုကရေစီ အထွေထွေ    ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ  မဲရုံ များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို   ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက အုပ်စုခွဲ၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့      ကြည့်ရှုစစ်ဆေးရာတွင်      မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ နှင့်   ဌာနဆိုင်ရာ    တာဝန်သူများ၊     မြို့နယ်ရွေးကောက်ပွဲ     ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက အုပ်စုလိုက်ခွဲ၍   ဆန္ဒမဲပေးသည့်နေ့တွင်  ပြည်သူများ  စနစ်တကျလုံခြုံစိတ်ချစွာ  မဲပေးနိုင် ရေး၊  မဲရုံများ လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေး၊    မဲရုံသုံးပစ္စည်းများ    လုံလောက်မှု    ရှိ/မရှိ၊    ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ     စနစ် တကျ  စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို      ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်  လမ်းညွှန် မှာကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု  ၇၄ အုပ်စု၊ ကျေးရွာပေါင်း  ၁၅၀ တွင်  မဲရုံပေါင်း   ၁၇၁ ရုံ စီစဉ် ဆောင်ရွက်ပေးထားပြီး   အသက်(၁၈)နှစ်နှင့်အထက်      ဆန္ဒမဲပေးခွင့်ရှိသူ  ၁၄၀၀၀၀  ကျော်ရှိကြောင်း  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မောင်မောင်(ပြန်/ဆက်)