အတ္တရံတံတားသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် တည်ရှိသော တံတားတစ်စင်းဖြစ်သည်။ ကွန်ကရစ်ထောက်တိုင်များဖြင့် မထားကာ သံမဏိဆိုင်းကြိုးများဖြင့် ဆိုင်းထားသော တံတားတစ်စင်း ဖြစ်သည်။ တံတားသည် ၁၄၂၀ ပေရှည်လျားပြီး ၂၄ ပေကျယ်ကာ နှစ်လမ်းသွားကားလမ်းနှင့် တစ်ဖက်တစ်ချက်တွင် လူသွားလမ်းနှစ်လမ်းပါဝင်သည်။ ၁၉၉၈ မတ်လတွင် ၅၃ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။
၁၉၉၅ခုနှစ်တွင်စတင်ဆောက်လုပ်ကာ ၁၉၉၈ခုနှစ်တွင်ပြီးစီးသည်