ဦးနာအောက်ကျောင်း

Listing Description

ကိုလိုနီခေတ်တွင် မြန်မာပြည်တွင် ပထမဆုံး မီးသင်္ဘောပိုင်ရှင်ဖြစ်သည့် မွန်သူဌေးကြီး ဦးနာအောက်တည်ဆောက်လှူဒါန်းထားသည့် ဘုန်းတော်ကြီးကျောင်းတော်သည် မော်လမြိုင်မြို့မှ ၁၇ မိုင်ခန့်ကွာဝေးသော ကော့နှတ်ရွာတွင် တည်ရှိသည်။မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့သွားရာ မွန်-ကရင်နယ်စပ်လမ်းပေါ်တွင် တည်ရှိပါသည်။ ကျောင်းကြီးသည် ရှေးဟောင်းလက်ရာများဖြင့် ပြည့်နှက်နေပြီး ကျောင်းဝန်းအတွင်းတွင် ဘုရားဖြစ်စဉ် သမိုင်းနှင့် ဗုဒ္ဓဝင်ဇာတ် နိပါတ်များကို ထွင်းထုထားသည့် ပန်းပုလက်ရာများ အများအပြားကို လေ့လာနိုင်မည် ဖြစ်သည်။