ပြည်တွင်းအခွန်များဦးစီးဌာန

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်၊ အမှတ် (၅၅/ ၆၁) တွင် တည်ရှိသည်။ ငါးထပ်အဆောက်အအုံဖြစ်ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ Rander မြို့မှ ကုန်သည်များက ၁၉၃၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကာ Rander House ဟုခေါ်တွင်ခဲ့သည်။ ယခုအခါ ယင်းအဆောက်အအုံသည် ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အဆောက်အအုံ၏ အောက်ထပ်များတွင် ရုံးခန်းများဖွင့်လှစ်ထားရှိကာ အပေါ်ထပ်များကို တိုက်ခန်းများအဖြစ် အသုံးပြုလျက်ရှိသည်။