အိန္ဒိယသံရုံး

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း၊ ၅၄၅/ ၅၄၇ တွင် တည်ရှိသော အထပ်ငါးထပ်မြင့် အန္ဒိယသံရုံးအဆောက်အအုံသည် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော ထိုအဆောက်အအုံမှာ မူလက ကိုလ်ကတ္တားအခြေစိုက် အာမခံလုပ်ငန်း တစ်ခုဖြစ်သော အိုရီယန်တယ်အသက်အာမခံ ကုမ္ပဏီ၏ ရုံးခန်းအဖြစ်အသုံးပြုခဲ့ပြီး ကျန်ရှိနေသော အခန်းများကို လူနေတိုက်ခန်းများအဖြစ် ငှားရမ်းပေးခဲ့သည်။ ၁၉၅၇ ခုနှစ်မှစတင်ကာ ထိုအဆောက်အအုံကို အိန္ဒိယသံရုံးအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပြီး အိန္ဒိယယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်များ ကျင်းပရာ အဓိက အဆောက်အအုံတစ်ခုလည်း ဖြစ်သည်။ ထိုအဆောက်အအုံကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်များတွင် ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ယခင် အာမခံကုမ္ပဏီဟောင်း၏ အမှတ်တံဆိပ်သင်္ကေတကို ကုန်သည်လမ်းမျက်နှာစာတွင် ယနေ့တိုင်တွေ့မြင် နိုင်ပါသည်။ အိုရီယန်တယ်အာမခံရုံးအဖြစ် အသုံးပြုခဲ့သော အိန္ဒိယသံရုံးအဆောက်အအုံကို ရန်ကုန်မြို့၏ ၁၂ ခုမြောက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံအဖြစ် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၁၆ ခုနှစ်၊ မေလ၊ ၃၀ ရက်နေ့တွင် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။