မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂)နှင့် ငွေစုဘဏ်ခွဲ (၄)

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၂၇/ ၄၁) တွင် တည်ရှိသည်။ Reserve Bank of India (ယခု ရန်ကုန်စတော့အိပ်ချိန်းရုံး) ကို ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သော G Douglas Smart မှ ၁၉၃၉ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ပြီး ၁၉၄၁ ခုနှစ်တွင် ပြီးစီးခဲ့ကာ Chartered Bank of India၊ Australia and China ဘဏ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ အဆောက်အအုံ၏ အောက်တွင် ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်ကားပါကင် ထည့်သွင်းတည်ဆောက်ခဲ့သည်။ ဂျပန်ခေတ်တွင် Yokohama Specie Bank ၏ ဘဏ်ခွဲအဖြစ် အသုံးပြုခဲ့သည်။ လွတ်လပ်ရေးရပြီးကာလမှစ၍ ၁၉၆၃ ခုနှစ် ပြည်သူပိုင်မသိမ်းခင်အထိ Chartered Bank အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ပြိုကွဲပြီးနောက် အဆောက်အအုံကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ နောက်ပိုင်းတွင်  မြန်မာစီးပွားရေးဘဏ်၏ ဘဏ်ခွဲအဖြစ်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အအုံကိုလည်း ရန်ကုန်မြို့ပြအမွေအနှစ်ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသည်။