ဗဟိုစာတိုက်ကြီး (ရန်ကုန်)

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ် ၃၉/၄၁ ၊ ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း‌ထောင့် တွင်တည်ရှိသော ဗဟိုစာတိုက်ကြီးသည် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အထင်ကရအဆောက်အအုံများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ယခုဗဟိုစာတိုက်ကြီးအဆောက်အအုံကို ၁၉၀၈ ခုနှစ်၌ စကော့လူမျိုးပိုင် ဆန်စက်နှင့်ဆန်စပါးရောင်းဝယ်ရေး ကုမ္ပဏီဖြစ်သည့် ဘူးလောခ့် ညီအစ်ကိုကုမ္ပဏီ (Bulloch Brother & Co.,) ၏ ရုံးအဖြစ် တည်ဆောက်ခဲ့ပါသည်။ ယခင်မူလ ဗဟိုစာတိုက်ကြီးမှာ ကမ်းနားလမ်းနှင့် ၃၂ လမ်းထောင့် လက်ရှိခြောက်ထပ်ရုံး အဆောက်အအုံ တည်ရှိရာနေရာတွင်ရှိပြီး ယင်းမူလစာတိုက်ကြီးမှာ ၁၉၃၀ ပြည့်နှစ် ငလျင်လှုပ်ခတ်မှုကြီးကြောင့် ပျက်စီးခဲ့သဖြင့် ၁၉၃၆ ခုနှစ်တွင် အစိုးရသည် ဘူးလော့ခ်ညီအစ်ကိုများထံမှ ရုံးနှင့် ၎င်းနောက်ကပ်လျက်အဆောက်အအုံကို ဝယ်ယူကာ အထွေထွေစာတိုက်ရုံးသစ်ကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။ မျက်မှောက်ခေတ်တွင်လည်း ဗဟိုစာတိုက်ကြီးအဖြစ် ဆက်လက်အသုံးပြုနေဆဲဖြစ်ပါသည်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဗဟိုစာတိုက်ကြီးအဆောက်အအုံအား ၅ ခုမြောက် ရန်ကုန်ရှေးဟောင်းအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခဲ့ပါသည်။