အကောက်ခွန်ဦးစီးဌာန (Custom House)

Listing Description

အကောက်ခွန်ဦးစီးဌာနအဆောက်အအုံသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် ၁၃၂ တွင် တည်ရှိပြီး ရန်ကုန်မြို့ရှိ သက်တမ်းရင့် ကိုလိုနီခေတ်အဆောက်အအုံများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ အကောက်ခွန်အဆောက်အအုံကို စကော့တလန်လူမျိုး ဗိသုကာပညာရှင် ဂျွန်ဘက်ဂ် (John Begg) မှ ဒီဇိုင်းရေးဆွဲခဲ့ပြီး ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၅၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော သစ်သားအကောက်ခွန်အဆောက်အအုံနေရာ၌ ၁၉၁၂ ခုနှစ်မှ ၁၉၁၆ ခုနှစ်အတွင်း အစားထိုးတည်ဆောက်ခဲ့ပါသည်။ အနီရောင်အုတ်များဖြင့် တည်ဆောက်ထားသည့် ယင်းအဆောက်အဦးတွင် မြင့်မားသော မျှော်စင်ပါဝင်ပြီး မျှော်စင်အောက်ခြေရှိ ထိုအဆောက်အဦး၏ ဘေးတွင်ချိတ်ဆွဲထားသော နာရီကြီးမှာ တစ်မူထူးခြားသည်။ ဆိပ်ကမ်းနှင့်အနီးတွင် တည်ရှိပြီး အကောက်ခွန်ဦးစီးဌာနမှ ထိုအဆောက်အအုံအား လက်ရှိအချိန်အထိ ဆက်လက်အသုံးပြုလျက်ရှိပြီး ရန်ကုန်မြို့ပြအမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ထားပါသည်။