အမေရိကန်သံရုံး(ဟောင်း)

Listing Description

အမေရိကန်သံရုံး(ဟောင်း)သည် ယခင်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ကုန်သည်လမ်း၊ အမှတ် ၅၈၁ တွင် တည်ရှိသည်။ ၁၉၂၆ခုတွင် အာမေးနီးယားကုန်သွယ်ရေးကုမ္ပဏီ Balthazar and Son Co.,Ltd ၏ ရုံးခွဲ အဖြစ် တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်မှ ၂၀၀၇ခုနှစ် အထိ အမေရိကန်သံရုံးအဖြစ် အသုံးပြုခဲ့သည်။ သံရုံးကို ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် အမှတ် ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း(အင်းလျားကန်ဘေး)၊ ကမာရွတ်မြို့နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး အဆောက်အဦးအသစ်ကို ဒေါ်လာသန်း ၆၀ ခန့်အကုန်ကျခံ တည်ဆောက်ခဲ့သည်။ ယခုအခါ ယခင်အမေရိကန်သံရုံးဟောင်းအဆောက်အဦးသည် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦးတစ်ခု အဖြစ်တည်ရှိပါသည်။