မဲဇလီရေလွှဲဆည်

Listing Description

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီရွာအနီး မုန်းချောင်းပေါ်တွင် တည်ရှိသည်။ ၁၉၀၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၁၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ မဲဇလီဆည်သည် အလျား ၈၃၈ ပေရှိပြီး မြောင်းမအနေဖြင့် တောင်မုန်းမြောင်းမနှင့် မြောက်မုန်းမြောင်းမဟူ၍ နှစ်ခုရှိသည်။ ယင်းမြောင်းမများကို ရေပေးသွင်းသည့် ရေတံခါး ၇ ပေါက်ရှိသည်။ မြောင်းမနှစ်ခု၊ လက်တံမြောင်း၂၅ ခု၊ လက်တံခွဲ၁၁ ခု၊ မိုင်နာမြောင်း၂၃ ခု ပါရှိသည်။ မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံတို့မှ မုန်းချောင်းတစ်လျှောက် မုန်းချောင်းရေလှောင်တမံမှ အောက်ဘက် ၂၈ မိုင်ခန့်အကွာ၊ ကြီးအုံကြီးဝရေလှောင်တမံမှ အောက်ဘက် ၇ မိုင်ခန့်အကွာရှိ မဲဇလီရေလွှဲဆည်သို့ ရေကူပေးဝေပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများထိန်းညှိကာ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိသည်။