သွန်းဆက်

Listing Description

၁၉၉၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အဖ ဦးသက်ဝင်းနှင့် အမိ ဒေါ်စန္ဒာဝင်းတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အလုံတွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ ဓာတုဗေဒဘွဲ့ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အကယ်ဒမီဆုပေးပွဲ အခမ်းအနား၌ အကယ်ဒမီဗန်းကိုင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထို့နောက် ဓာတ်ပုံမော်ဒယ်လ်အဖြစ် မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် “ဘဲကွဲ” ဇာတ်ကား၌ သရုပ်ဆောင်လူမင်းနှင့်အတူ ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနောက် ဒုတိယမြောက်ဇာတ်ကား “ကကြိုးတွေသွယ်ကာရစ်ကာ” ၌ မင်းမော်ကွန်း၊ ညီထွဋ်ခေါင်တို့နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် “အထီးမှုန်” ဇာတ်ကား၌ မင်းမော်ကွန်းနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုရရှိလာခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ရုံတင်ပြသခဲ့သော “မယားကြောက်ရွာ” ရုပ်ရှင်ဇာတ်ကား၌ လူမင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ခန့်စည်သူ၊ ညီထွဋ်ခေါင်တို့နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Channel 9 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော “ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်ထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။