ချမ်းချမ်း

Listing Description

အဆိုတော်ချမ်းချမ်းကို ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ချမ်းမြငြိမ်းဖြစ်သည်။ အမဖြစ်သူ နေနေသည် လည်း အောင်မြင်ကျော်ကြားသော အဆိုတော်တစ်ဦးဖြစ်သည။

အဆိုတော်မဖြစ်မီ လေယာဉ်မယ်နှင့် မော်ဒယ်သရုပ်ဆောင်လုပ်ခဲ့ပြီး မော်ဒယ်လောကတွင်လည်း နာမည်ကျော်ကြားခဲ့သည်။ ထို့နောက် တေးရေးဆရာ မြင့်မိုးအောင်၏ တိုက်တွန်းချက်ဖြင့် မြဝတီ ရုပ်သံမှ ကျင်းပသည့် သံစဉ်များနဲ့ကမ္ဘာ (Melody World) အဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သိမ့်ဆု (ပထမ) ရခဲ့သည်။ ပြိုင်ပွဲဝင်သီချင်း "သီချင်းလက်ဆောင်" မှာ "၂၀၀၇ ခုနှစ် သံစဉ်များနဲ့ကမ္ဘာ၏ အကောင်းဆုံးတေးများ" စာရင်းဝင် ဖြစ်ခဲ့သည်။

ပြိုင်ပွဲပြီးသည့်နောက် မကြာမီပင် ပထမဆုံးတေးစီးရီး "တကယ်ဆိုရင် အချစ်ပဲလိုတယ်" ထွက်ရှိခဲ့သည်။ ထိုအခွေမှာ ၂၀၁၀ ခုတွင် ချီးမြှင့်သည့် "City FM အရောင်းရဆုံး အမျိုးသမီးတေးစီးရီးဆု" ရရှိခဲ့သည်။ ထိုနှစ်၏ "အကျော်ကြားဆုံး အမျိုးသမီးအဆိုရှင်ဆု" လည်း ရခဲ့သည်။

တကယ်ပဲလည်းနင်မချစ်ဘဲနဲ့၊ ချစ်သူ၊ တကယ်ဆိုရင်အချစ်ပဲလိုတယ်၊ အားလုံးသောအချစ်တွေနားလည်နေ၊ မျှော်လင့်ရင်းဝေး၊ ကိုယ်တစ်ယောက်တည်း၊ တစ်ခါတည်းချစ်ချင်လို့ပါ၊ ဒီတစ်ခါနောက်ဆုံးပဲ စသည့် တေးသီချင်းများမှာ အောင်မြင်ကျော်ကြား လူကြိုက်များသည့် သီချင်းများဖြစ်သည်။

၂၀၁၃ ခုတွင် ဘုဏ်းသိုက်နှင့် လက်ထပ်ခဲ့ရာ သမီးတစ်ယောက် ရပြီးနောက် ၂၀၁၇ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် အီတလီနိုင်ငံသား Enrico နှင့် ချစ်သူဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ်တွင် Enrico နှင့် သမီးတစ်ယောက် ဖွားမြင်ခဲ့သည်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 1 တွင် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

တေးစီးရီးများ

တကယ်ဆိုရင် အချစ်ပဲလိုတယ်        ၂၀၁၀           

သိပ်ချစ်တယ် အရမ်းမုန်းတယ်         ၂၀၁၂           

အိပ်မက်        ၂၀၁၄           

သို့ ... ချစ်နေတုန်းပဲ             ၂၀၁၇

ပါဝင်သော သီချင်းများ

အချစ်ဦး

တကယ်ပဲလဲ နင်မချစ်ဘဲနဲ့

အချိန်မီ ပြန်လာပါ

သိပ်ချစ်တယ် အရမ်းမုန်းတယ်

ဒီတစ်ခါ နောက်ဆုံးပဲ

ချစ်သူ (Soul Mate)

မနေ့ကအချစ်

သွေးထွက်ပါစေ

အရင်လိုချစ်ဆဲ ... မင်းကို

ဇာတ်သိမ်းသွားပြီ

မင်းမှမချစ်ဘဲ

ရင်မှာ မင်းတစ်ယောက်