ဖောင်တော်ဦးစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်း၊ နဝင်းရပ်ကွက်တွင် တည်ရှိပါသည်။ သာသနာသက္ကရာဇ် ၄၃၃ ခုနှစ်၊ ဘီစီ ၅၀၀ ပြည့်နှစ်အတွင်း နန်းတက်သည့် ငါ့တပါးမင်းက တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ထပ်မံတည်ထားကိုးကွယ်ခဲ့သည်ဟု မှတ်သားရပါသည်။ စေတီတော်သည် ဖိနပ်တော် ၁၅ တောင်၊ ဉာဏ်တော်အမြင့် ၁၇ တောင်ရှိပြီး စေတီတော်၏ ပုံသဏ္ဌာန်မှာ အဝိုင်းပစ္စယာပေါ်တွင် စေတီလုံးပေါက်ထားပြီး စေတီ၏ပတ်လည်တွင် ရုပ်ပွားတော်လေးဆူရှိပါသည်။ ယခုအခါတွင် ဖောင်တော်ဦးဘုရားကြီးအား အလျားပေ ၄၀၀ ကျော်၊ အနံပေ ၁၂၀ ကျော်ရှိသော အုတ်တံတိုင်းဖြင့် ကာရံထားပြီး ဧရာ၀တီမြစ်မျက်နှာစာဘက်တွင် အမြင့် ၁၈ တောင်စီရှိသော ခြင်္သေ့ကြီးနှစ်ကောင်ရုပ်တုကိုလဲ တွေ့မြင်နိုင်ပါသည်။