ထွန်းအိန္ဒြာဗို

Listing Description

အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုကို ၁၉၆၆ ခုနှစ် မေလ ၁ ရက်နေ့တွင် ဦးခင်မောင်သိန်းနှင့် ဒေါ်ခင်မြမြတို့မှ မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မိမိခိုင် ဖြစ်ပြီး မွေးချင်း သုံးယောက်အနက် ဒုတိယမြောက် သမီးဖြစ်သည်။ LLB ဘွဲ့ရတစ်ဦးဖြစ်သည်။

၁၉၉၁ ခုနှစ်ဝန်းကျင်တွင် "ကြေးစားနှလုံးသား" ဇာတ်ကားဖြင့် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်လာခဲ့သည်။ ထို့နောက် ရုပ်ရှင်နှင့် ဗီဒီယိုကားပေါင်း ၁၀၀ ကျော်ရိုက်ကူးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် “နှောင်းတမြေ့မြေ့” ဖြင့်လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ဖြင့်လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် “မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍” ဖြင့်လည်းကောင်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု သုံးဆုထိရရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် သူမ၏ ပထမဦးဆုံး အယ်လ်ဘမ် "မင်းအတွက်ပဲ" ထွက်ရှိခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တစ်ကိုယ်တော် အယ်လ်ဘမ်ပေါင်း ၁၁ ခုကို ဖြန့်ချိခဲ့သည်။

ကိုအောင်မင်းထွန်းနှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် ဖွားမြင်ခဲ့သည်။

City FM မှ ချီးမြှင့်သော တစ်နှစ်တာ၏အကျော်ကြားဆုံးအမျိုးသမီးအဆိုတော်ဆုကို ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ လေးနှစ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့သည်။

ထွက်ရှိခဲ့သောတေးစီးရီးများ

မင်းအတွက်ပဲ

နားလည်သင့်ပြီ

အိပ်မက်ညများ

ဆိုရင်

၁၉၉၉

ရည်းစားဦး

ဆန္ဒရှိတဲ့ အဟောင်းများ

နေရာလေးတစ်ခု

နှစ်ယောက်မရှိဘူး

တမ်းတနေဆဲ

ဒိုင်ယာရီ Live Show 1

ဒိုင်ယာရီ Live Show 2