ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း

Listing Description

ဆရာဝန် တစ်ဦး ဖြစ်ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါကု ပညာဌာနတွင် ပါမောက္ခ ဌာနမှူး တစ်ဦး အဖြစ် ၂၀၀၈ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊ ကျန်းမာရေး၊ ပညာရေး နယ်ပယ်နှင့် ပတ်သက်၍ အသိပညာပေး စာများ ရေးသားသည့် အသည်း အထူးကု ပါမောက္ ဆရာကြီးဖြစ်သည်။

ပါမောက္ခဒေါက်တာခင်မောင်ဝင်းကို မတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့၌ အဖ ဦးဘဂျမ်းနှင့် အမိ ဒေါ်ခင်ခင်တို့မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။

- ၁၉၇၂ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.B.B.S. ဘွဲ့ကို ရရှိခဲ့။

- ၁၉၇၅ ခုနှစ်တွင် ဒေါက်တာ ဒေါ်ခင်လေးရီနှင့် လက်ထပ်ခဲ့။

- ၁၉၇၈ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.Med.Sc. (Int. Med.) ဘွဲ့ ရရှိခဲ့။

- ၁၉၈၅ ခုနှစ်တွင် M.R.C.P. (U.K.) ဘွဲ့ကို ရရှိခဲ့။

- F.R.C.P. (Edin) ဘွဲ့လည်း ရရှိခဲ့။

- ၁၉၇၂ - ၇၃ တပ်မတော် ဆေးရုံတွင် အလုပ်သင်ဆရာဝန်။

- ၁၉၇၄ - ၁၉၈၂ မန္တလေး ပြည်သူ့ဆေးရုံတွင် သရုပ်ပြ ဆရာဝန်။ လန်ဒန်မြို့ Royal Free ဆေးရုံတွင် တာဝန် ထမ်းဆောင်ခဲ့။

- ၁၉၈၅ ခုနှစ်မှ ၁၉၉၇ ခုနှစ် အထိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် အသည်း အထူးကု ဆရာဝန်နှင့် ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး။

- ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာ့ အဆင်မီ ဓာတ်ခွဲခန်း တည်ထောင် ဖွင့်လှစ်ခဲ့။

- ၁၉၉၇ ခုနှစ်တွင် ပထမဦးဆုံး အကြိမ် အသည်းရောင် အသားဝါရောဂါ (ဘီ) ကာကွယ်ဆေးကို ထုတ်လုပ် ပေးနိုင်ခဲ့။

- ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါကု ပညာဌာနတွင် ပါမောက္ခ ဌာနမှူး အဖြစ် ၂၀၀၈ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့။

- မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အဖွဲ့ကို စတင် ထူထောင်ခဲ့ပြီး၊ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်။

- အပြည်ပြည်ဆိုင်ရာ အသည်းရောဂါ အဖွဲ့နှင့် အမေရိကန် အသည်းရောဂါ အဖွဲ့၏ အဖွဲ့ဝင် တဦးဖြစ်။

- လစဉ်ထုတ် မဂ္ဂဇင်းများနှင့် အပတ်စဉ်ထုတ် ဂျာနယ်များတွင် ပါမောက္ခ ခင်မောင်ဝင်း (အသည်း) ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးသားလျက်ရှိ။

- လုံးချင်း စာအုပ် ၇ အုပ် ရေးသား ထုတ်ဝေခဲ့။

- ဒေါက်တာခင်မောင်ဝင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အလိုအလျောက် သွေးစစ်ဆေး တိုင်းတာနိုင်သည့် အမေရိကန် ဒေါ်လာ ၂ သန်းတန် ဓာတ်ခွဲခန်း စက်တခုကို မတ်လ အတွင်းက ဂျာမဏီနိုင်ငံမှ ဝယ်ယူ တင်သွင်းခဲ့။ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး မော်လီကူလာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း ဖွင့်ခဲ့။