ထီးလှိုင်အရှေ့ရွာရှေးဟောင်းဘုန်းကြီးကျောင်း

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်အုပ်စု၊ ထီးလှိုင်အရှေ့ရွာတွင် တည်ရှိသည့် ကျွန်းသားများဖြင့် ပြုလုပ်ထားသော ရှေးဟောင်းကျောင်းကြီးဖြစ်ပါသည်။ လုံးပတ် ၂ ပေခွဲခန့်ရှိ ကျွန်းတိုင်လုံးပေါင်း ၁၂၄ တိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ကျောင်းကြီး၏ အလျား ၁၂၀ ပေခန့်၊ အနံ ၈၀ ပေခန့်ရှိပါသည်။ ဝင်ပေါက်တံခါးများ၏ တံခါးရွက်များတွင် ပန်းပုရုပ်များထုလုပ်ထားပြီး လှေကားလက်ရန်း၌ ခြူးရုပ်များရှိသည်။ ကျောင်းကြီးအတွင်း၌ ဗုဒ္ဓဝင်ဇာတ်တော် ရုပ်ကြွပန်းပုလက်ရာများ၊ ကနုတ်ပန်းများ၊ ကျေးပုရပိုက်များ၊ ပေစာများ၊ ဆံတောင်ဝှေးများ၊ ရွဲလုံးများ၊ ပန်းပုထွင်းသေတ္တာများ၊ သံမပါဘဲ သစ်သားထွင်းတံခါးများ၊ တရားစီရင်သည့်အခန်း၊ သလွန်၊ ပလ္လင် အစရှိသည့် ရှေးဟောင်းပစ္စည်းအမြောက်အများကို တွေ့မြင်လေ့လာနိုင်ပါသည်။