မြတ်ညီနောင်စေတီ

Listing Description

မြတ်ညီနောင်စေတီနှစ်ဆူသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ (၂) ရပ်ကွက်တွင် တည်ရှိပါသည်။ နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲ လဆန်း ၈ ရက်နေ့မှ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ထိကျင်းပပြီး ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ နွားလှည်းနှင့် နွားအလှပြိုင်ပွဲကို ထည့်သွင်းကျင်းပလေ့ရှိကာ အဆိုပါ နွားလှည်းနှင့် နွားအလှပြိုင်ပွဲသည် မိတ္ထီလာခရိုင်အတွင်း နာမည်ကျော်ကြားသော ပြိုင်ပွဲဖြစ်ပြီး ခရိုင်အတွင်းဒေသများသာမက ကျောက်ဆည်ခရိုင် မြစ်သားနယ်ထဲကပါ လာရောက်ပါဝင် ယှဉ်ပြိုင်လေ့ရှိပါသည်။