သဲတော-ရိုးစုံတံတား

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ သဲတော-ရိုးစုံတံတားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သဲတော-ရိုးစုံတံတားသည် သံကူကွန်ကရစ်ယက်မ၊ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည်(၂၄၀)ပေ၊ အကျယ်(၆၀)ပေရှိပြီး ယာဉ်သွားလမ်း အကျယ် (၂၄) ပေ၊ လူသွားလမ်းအကျယ် (၃) ပေ နှစ်ဖက်ပါရှိပြီး ၂၀၁၈-၂၀၁၉၊ တိုင်းဒေသကြီးသဘာဝဘေး ရန်ပုံငွေကျပ် (၆၀၅.၀၀)သန်း အကုန်ကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၄)မှ တာဝန်ယူ တည်ဆောက်ခဲ့ပါသည်။