ပုဏ္ဏားရွာ

Listing Description

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းတည်ရှိသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်တို့အား တော်လှန်ကြောင်း ပုဏ္ဏားရွာတွင် စစ်ကြေညာခဲ့သည်။ ယခုအခါ ဗိုလ်ချုပ်အောင်ဆန်းအမိန့်ကြေညာခဲ့သည့် ရွာသူကြီး ဦးငွေလှိုင် အိမ်နေရာ၌ အထိမ်းအမှတ်မော်ကွန်းကျောက်စာတိုင်နှင့် ကျွန်းသားဖြင့်ထွင်းထုထားသော ၆ ပေမြင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူထားရှိသည်။