ဝပ်အင်းဘုန်းကြီးကျောင်း

Listing Description

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ဝပ်အင်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းအနီးတွင် တည်ရှိပြီး နှစ်ပေါင်း ၆၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဟု သိရပါသည်။ ဂုံရှမ်းဘာသာဖြင့် ဝပ်အင်းဘုန်းကြီးကျောင်း၊ မြန်မာဘာသာဖြင့် သိကြားမင်းကူညီသောကျောင်း ဟုအဓိပ္ပာယ်ရပါသည်။ ကျောင်းကြီးကို ကျွန်းတိုင်လုံးများဖြင့် တည်ဆောက်ထားပြီး သံမသုံးဘဲ သစ်သားစို့များသာအသုံးပြု၍ တည်ဆောက်ထားသည်။ ကျောင်းကြီး၏ တံခါး၊ မျက်နှာကျက်၊ နံရံ၊ ပြတင်းပေါက်များတွင် အနီရောင်အောက်ခံ ရွှေဆေးရေးများ အသုံးပြုထားပြီး မှန်စီရွှေချလက်ရာများမှာ အနုစိပ်လှပါသည်။ ကျောင်းဆောင်ကြီး၏ ပင်မအခန်းတွင် ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးနှင့်အတူ တစ်ဘက်တစ်ချက်ကပ်လျက်၌ ထိုင်တော်မူဆင်းတုတော်များ၊ ရပ်တော်မူဆင်းတုတော်များစွာ ဖူးမြင်ရပါသည်။