ဖော်ကာ

Listing Description

ဖော်ကာသည် WANTED Band ​၏အဆိုတော်တေး ရေးတစ်ဦးဖြစ်ပြီး ၁၉၈၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဦးဘဖြူနှင့်ဒေါ်ဦးခင်အေးတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ထိန်မင်းဇော် ဖြစ်သည်။ အစ်ကို ၂ ယောက် အစ်မ ၁ ယောက်ရှိပြီး အငယ်ဆုံးသားဖြစ်သည်။

တက္ကသိုလ်ဝင်တန်းကို ၂၀၀၂ ခုနှစ်တွင် အောင်မြင်ခဲ့ပြီးနောက် ဂီတကိုသာ အဓိက လုပ်ဆောင်ခဲ့သည်။ ရောင်ခြည်၊ ငါ့ဂီတငါ့ဗီဇ၊ တစ်ယောက်တစ်နေရာ၊ စိတ်နဲ့လူ စသည့် တေးသီချင်းအယ်လ်ဘမ် လေးခုထွက်ရှိထားသည်။ ကျေးဇူးတင်တယ်၊ ငါ့ကြောင့်၊ အိမ်ပြေး၊ ဇာတ်ပို့၊ သတိရမိတယ်၊ အခုလောလောဆယ်၊ ဘယ်လိုငြိမ်းသက်ရမလဲ၊ နောက်ဆုံးတစ်ခေါက်လောက်၊ ရေစက်၊ နောက်ထပ်မလာပါနဲ့၊ မင်းသိမှာပါ၊ ဝေးခဲ့ရင် စသည့်သီချင်းများမှာ ထင်ရှားကျော်ကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မပွင့်ဖြူအောင်နှင့်အိမ်ထောင်ကျပြီး သားတစ်ဦးထွန်းကားခဲ့သည်။