မြန်မာနိုင်ငံ၏ ပထမဆုံးမီးပြတိုက် (Fakir Point)

Listing Description

စစ်တွေပွိုင့်အပန်းဖြေစခန်းတွင် ရှိပြီး ယခုလက်ရှိ လူများတက်ရောက်ကြည့်ရှုနေသော မျှော်စင်မှာ မြန်မာနိုင်ငံ၏ ပထမဆုံးမီးပြတိုက်ဖြစ်သည်။ အင်္ဂလိပ်အစိုးရ ပေးခဲ့သည့်အမည်မှာ Fakir Point ဖြစ်သည်။ စစ်တွေမြို့တည်စတွင် တည်ဆောက်ခဲ့ကာ ၂၅ ပေခန့် အမြင့်ရှိ အုတ်အဆောက်အအုံတစ်ခုဖြစ်သည်။ ကုန်တင်သင်္ဘောများကို ရေကြောင်းအချက်ပြနိုင်စေရန် တည်ဆောက်ခဲ့သည်ဟု သိရသည်။ ၁၈၄၄ ခုနှစ်တွင် လေးရှင်းတောင်မီးပြတိုက်ကို တည်ဆောက်ခဲ့ပြီးနောက် ယင်း Fakir Point မီးပြတိုက်ရှိ မီးအိမ်ကိုဖြုတ်လိုက်ပြီး စောင့်ကြည့်မျှော်စင်အဖြစ်အသုံးပြုခဲ့သည်။