ငွေလင်း (၁၉၁၂-၁၉၈၉)

Listing Description

အမျိုးသားစာပေဆုနှင့် ရှုမဝတစ်ထောင်ဆုရ စာရေးဆရာငွေလင်းကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ဂွေးချိုရွာ၌ ၁၉၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် အဖ ဦးကြည်သာ၊ အမိဒေါ်သိုင်းတို့က မွေးဖွားသည်။ အမည်ရင်း ဦးစိန်ခို ဖြစ်သည်။ ငယ်စဉ်က နတ်မောက်မြို့နယ်၊ ခြောက်ပင်ခြံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သဒ္ဒါ၊ သင်္ဂြိုဟ်တို့ကို သင်ယူခဲ့ပြီး နာက် တောင်တွင်းကြီးမြို့ ဆရာတော် ဦးဥက္ကဋ္ဌ၏ အဂ‡လိပ်-မြန်မာ နှစ် ဘာသာသင်ကျောင်း၌ ဆက်လက်ပညာသင်သည်။ ထိုကျောင်းမှ ခုနစ်တန်း အောင်ခဲ့သည်။ ငွေလင်းသည် ၁၉၃၄ ခုနှစ်မှစ၍ စာစရေးခဲ့သည်။ ထို နှစ်တွင်ပင် ဈေးနှုန်းသတင်းစာက ကြီးပွားချမ်းသာရေး ခေါင်းစဉ်နှင့် ဆောင်းပါးပြိုင်ပွဲ ပြုလုပ်ရာ ငွေလင်းသည်အဆိုပါ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ဖူးသည်။

ငွေလင်းသည် ၁၉၃၅ ခုနှစ်မှစ၍ ရန်ကုန်သို့ ပြောင်းရွှေ့သည်။ ထိုစဉ်က ငွေလင်း၏ ကလောင်အမည်မှာ တောင်တွင်းကြီး သတိုးစိန် ဖြစ်သည်။ ရွှေတွင်းစိန် ကလောင်အမည်နှင့်လည်း ၁၉၃၆-၃၇ခုနှစ်တွင် ဒီးဒုတ် ဂျာနယ်၌ ဝတ္ထုတိုသုံးလေး ပုဒ် ရေးခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအ တွင်းတွင် ငွေလင်းသည် ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်၍ ရခိုင်ပြည်နယ်နှင့်အထက် မြန်မာနိုင်ငံဒေသများ၌တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် တပ်မှထွက်ခဲ့ပြီး ဂျပန်ခေတ်တွင် ရန်ကုန်ခရိုင် အရေးပိုင်ရုံး၌ စာရေးအဖြစ် အမှုထမ်းခဲ့သည်။၁၉၅၃ ခုနှစ်တွင် ဤယမုန် ဝတ္ထုဖြင့် ရှုမဝတစ်ထောင်ဆုကို ပထမဆုံး ရရှိခဲ့သည်။ ထိုအချိန်တွင် စာရေးအမှုထမ်းအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဤယမုန်ဝတ္ထုတွင် ငွေလင်း ကလောင်အမည်ကို စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ငွေလင်းသည် ဤ ယမုန်ဝတ္ထုကို ၁၉၅၁ ခုနှစ်တွင် ပျို့မောင်ကြီးဝတ္ထုအမည်နှင့် စတင်ရေး သားခဲ့သည်။ ၎င်း၏ ဝတ္ထုကို သခင်ဘသောင်း၊ ရွှေဒုံးဘီအောင်၊ တက်တိုးတို့အား ပေးဖတ်ပြီးဝေဖန်မှု ခံယူခဲ့သည်။

ငွေလင်းသည် ၎င်း၏ ဝတ္ထုကို စာအုပ်အဖြစ် ထုတ်ဝေနိုင်ရန် ကြိုးစားခဲ့ သော်လည်း ကလောင်သစ်ဖြစ်၍ ထုတ်ဝေမည့်သူ မရှိခဲ့ချေ။ ရှုမဝတစ် ထောင်ဆု ပေါ်လာသောအခါ ဆုရွေးချယ်ရေးအဖွဲ့၏ စာမျက်နှာသတ်မှတ် ချက်နှင့်ညီညွတ်စေရန် ဖြည့်စွက်ချဲ့ထွင် ရေးသားပြီး ဝတ္ထုအမည်ကို လည်း ဤယမုန်ဟူ၍ ပြောင်းခဲ့သည်။ ငွေလင်း၏ ဤယမုန် ဝတ္ထုသည် ရုပ်ရှင်ရိုက်ကူးခဲ့ရသည်။ ငွေလင်းသည် ၁၉၅၃ ခုနှစ်မှစ၍ အိုးဝေသတင်းစာ၊ယဉ်ကျေးမှုစာစောင်၊ ပေဖူးလွှာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်းနှင့် သင့်ဘဝမဂ္ဂဇင်းတို့တွင် အယ်ဒီတာတာဝန်ကို ထမ်းဆောင်ခဲ့ သည်။

ငွေလင်းသည် ရှုမဝတစ်ထောင်ဆုအပြင် ၁၉၆၅ ခုနှစ် တွင် ပင်းမြို့သူဝတ္ထုဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်တတိယဆု ကို ရရှိခဲ့သူဖြစ်သည်။ ငွေလင်းသည် နယ်ချဲ့ဆန့်ကျင်ရေးဝတ္ထု များကိုလည်း ရေးသားခဲ့ရာ မြို့လုလင်မှ ပုန်ကန်ခြင်း(၁၉၆၆)၊ ရန်ကုန်စစ်တလင်း(၁၉၆၈)နှင့် သူရဲတစ်ထောင် စသောဝတ္ထု များ ဖြစ်သည်။ ငွေလင်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော်၌ ဝင်ရောက် အမှုထမ်းလျက် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်ခဲ့သဖြင့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့် ရရှိခဲ့သည်။ အမျိုးသားစာပေဆုနှင့် ရှုမဝတစ်ထောင်ဆုရ စာရေးဆရာ ငွေလင်းသည် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ [၂]

ထင်ရှားသောစာအုပ်အချို့

ပင်းမြို့သူ(စာပေဆုရ)

မြို့လုလင်မှပုန်ကန်ခြင်း

သူရဲတစ်ထောင်

ဤယမုံ(ရှုမဝထောင်ဆုရ)

မြင်လှဲ့ပါကြင်ဖော်

ရန်ကုန်စစ်တလင်း

စားသုံးဆီ