အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး

Listing Description

စစ်တွေမြို့အလယ် ဝင်္ကာဘာကွင်းအနီး ကျောင်းတက်လမ်းရပ်ကွက်အတွင်း တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၂၆၁ ခု ရခိုင်ကဆုန်လဆန်း ၉ ရက် ဗုဒ္ဓဟူးနေ့ (ခရစ်သက္ကရာဇ် ၁၈၉၉ ခုနှစ် မေလ ၁၇ ရက်နေ့) တွင် ရွှေစေတီဆရာတော်၊ လမ်းမတော်ဆရာတော်၊ ပညာလင်္ကာရဆရာတော်တို့ ဦးဆောင်၍ ဂေါပကအဖွဲ့နှင့် တိုင်ပင်ပြီး စစ်တွေမြို့အလယ်ရှိ မျာတာကန်ကို ဝယ်ယူမြေဖို့ကာ ကြေးနှင့် ရွှေ၊ ငွေရတနာတို့ ပေါင်းစပ်သွန်းလုပ်၍ တည်ထားကိုးကွယ်ခဲ့သည်။ ဆင်းတုတော်၏ ဉာဏ်တော်မှာ ၉ တောင် ၁ မိုက်ရှိပြီး ပလ္လင်တော်အမြင့် ၆ တောင်ရှိသည်။ ကောဇာသက္ကရာဇ် ၁၂၇၂ ခုနှစ် နတ်တော်လပြည့် သောကြာနေ့တွင် သိမ်တော်ကြီးကို တည်ဆောက်ခဲ့သည်။ သွန်းလုပ်သည့် ကြေးပိဿာချိန်မှာ ၅၄၂၆ ပိဿာဖြစ်ပြီး "ပြည်လုံးချမ်းသာဘုရားကြီး"ဟု ဘွဲ့အမည် ခေါ်တွင်ခဲ့ကြသည်။ (ပြည် -၅၊ လုံး - ၄၊ ချမ်း - ၂၊ သာ - ၆) စသည့် သွန်းလုပ်သည့် ကြေးပိဿာချိန်နှင့် ထူးခြားစွာ တိုက်ဆိုင်နေသည်။