နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲများပေး

Listing Description

နွားထိုးကြီး နိုဝင်ဘာ ၈

နွားထိုးကြီးမြို့နယ်၌ ယနေ့ပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နံနက် ၆ နာရီမှစတင်၍ ဆန္ဒမဲပေးနိုင်ကြောင်းကို မဲရုံမှူးများက ကြေညာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေစေခြင်း တို့ကို မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကူညီဆောင်ရွက်ပေးပြီး နွားထိုးကြီး မြို့နယ်အတွင်းရှိ မဲရုံ ၂၂၀ တွင် နံနက် ၆ နာရီမှ ၉ နာရီအထိ ဆန္ဒမဲပေးပြီးသူပေါင်း ၄၂၀၀၃ ဦး ရှိကြောင်း သိရသည်။

သန်းအောင်ဇော်